၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒီဇင်ဘာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၃၃၁၈၆၉) တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ဆန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် (၂၃၀၇၈၈) တန်ရှိခဲ့၍ ဆန်ကွဲတင်ပို့မှုသည် မက်ထရစ်တန်ချိန် (၁၀၁၀၈၁) တန်ရှိခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါတင်ပို့မှုများအနက် ပင်လယ်ရေကြောင်းမှတစ်ဆင့် မက်ထရစ်တန်ချိန် (၃၂၇၆၆၉) တန်ကို တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန်ချိန် (၂၀၀) တန်ကို တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အချက် အလက်များအရ သိရှိရပါသည်။
အဆိုပါဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုအများဆုံးဖြစ်ပြီး မာဂါဒါစကာ၊ ဘင်္ဂလားဒေ့ရှ်၊ ပိုလန်၊ စပိန်၊ ဗီယက်နမ်၊ ချက်သမ္မတနိုင်ငံ၊ ဖီဂျီ၊ တူရကီ၊ တီမောလက်စ်တေအပြင် နိုင်ငံပေါင်း (၂၄) နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံသို့ဆန်ကွဲအများဆုံးတင်ပို့ခဲ့ပြီး ဘယ်လ်ဂျီယံ၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ အမေရိကန်၊ စပိန်၊ အီတလီ၊ ပိုလန်၊ ချက်သမ္မတ၊ ဗီယက်နမ်အပြင် အခြားနိုင်ငံတစ်နိုင်ငံတို့ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
Source: https://npnewsmm.com
ပြည်ပသို့ မြန်မာနိုင်ငံမှ ဒီဇင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသိန်းကျော် တင်ပို့နိုင်ခဲ့
Category:
Local News